Maintenance ၃ မျိုးရှိပါတယ်။
Preventive Maintenance = မပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ခြင်း ။
Operational Maintenance = အသုံးပြုနေရင်း ထိန်းသိမ်းစောင့်ရှောက်ခြင်း ။ (နည်းလမ်းမှန် အသုံးပြုခြင်း)
Corrective Maintenance = ပျက်သွားလျှင် ပြန်ကောင်းအောင် ပြုပြင် ထိန်းသိမ်းခြင်း ။
Maintenance လုပ်ငန်းစဉ်တစ်ခု လည်ပတ်ဖို့ လိုအပ်တာတွေက
1. Planing
2. Action
3. Checking တို့ ဖြစ်ကြပါတယ်။
ဒါတွေ လုပ်နိုင်ဖို့  System Monitoring လုပ်ဖို့ လိုပါတယ် ။
O&M လုပ်ငန်းစဉ်တစ်ခုရဲ့  ပထမဆုံးအနေအထားမှာ Maintain လုပ်ရမယ့် system ကို survey လုပ်ရပါမယ်။ အခြေအနေတွေ ၊ ဖြစ်တတ်တဲ့ ပြသနာတွေ ကို သိရှိပြီးမှ
ဘယ်လို ကောင်းအောင်လုပ်မလဲ ဆိုတဲ့  Planing Strategy တွေကို ရေးဆွဲနိုင်မှာဖြစ်ပါတယ်။
ပြသနာ အရပ်ရပ် ၊ ဖြေရှင်းသော နည်းလမ်း အစုံစုံကိုလဲ မှတ်တမ်းမှတ်ရာနဲ့  Report တွေ ထားရှိရမှာဖြစ်ပါတယ် ။
အဲ့ ဒီ History Report တွေက မှ feedback ပြန်ယူပြီး Plan နဲ့  Action ကို အကောင်းဆုံးဖြစ်အောင်မွန်းမံ ရမှာဖြစ်ပါတယ်။
Two Zero
24/04/2014
No comments:
Post a Comment